အရေးမကြီး →‎ရှင်းတမ်း
စာကြောင်း ၁၄ -
အမှတ်စဉ် (၁)မှ (၅)တွင် မည်သူသည် ပခန်းဦးမင်းကျော်အစစ်ဖြစ်ကြောင်း ရှာဖွေမှုကို ပုဂံခေတ်မှ စ၍ လေ့လာကြရပေမည်။
 
သုမုန္ဒရီမင်းသည် သာသနာသက္ကရာဇ် ၆၂၄ အားဒေါဒေါရသိကိန်းနှင့် ၂-ကြွင်းထားခဲ့သော ဖြိုခွင်းသက္ကရာဇ် ၂၉-နှစ်တွင် သမုဒ္ဒရာဇ်မင်းသည် ပုဂံမင်းဆက်ကို စတင်တည်ထောင်ခဲ့လေသည်။ သမုဒ္ဒရာဇ်မင်းနောက် မင်းဆက်အားဖြင့် (၃၈)ဆက်မြောက် ပုပ္ပါးစောရဟန်းလက်ထက်အရောက်တွင် ခ-ဆပဉ္စကိန်းအရ ၂-ကြွင်းထားပြီး သက္ကရာဇ်ဖြိုခဲ့ပြန်သည်။ ခရစ်သက္ကရာဇ်အားဖြင့် အေဒီ ၆၁၃-တွင် ပုပ္ပါးစောရဟန်း နန်းတက်ပြီး အေဒီ-၆၄၁-တွင် နန်းကျသည်ဟု ဆိုပါသည်။
 
သမုဒ္ဒရာဇ်မင်းနောက် မင်းဆက်အားဖြင့် (၃၈)ဆက်မြောက် ပုပ္ပါးစောရဟန်းလက်ထက်အရောက်တွင် ခ-ဆပဉ္စကိန်းအရ ၂-ကြွင်းထားပြီး သက္ကရာဇ်ဖြိုခဲ့ပြန်သည်။ ခရစ်သက္ကရာဇ်အားဖြင့် အေဒီ ၆၁၃-တွင် ပုပ္ပါးစောရဟန်း နန်းတက်ပြီး အေဒီ-၆၄၁-တွင် နန်းကျသည်ဟု ဆိုပါသည်။
 
မြန်မာကောဇာခေါ်သည့် ပုပ္ပါးစောရဟန်း၏ အသစ်သက္ကရာဇ် ၉၆-ခုနှစ်၊ မင်းဆက်အားဖြင့် (၈)ဆက်မြောက် သိင်္ဃမင်း၏သား သိန်းခွန်မင်း နန်းတက်ခဲ့သည်။ ဤ သိန်းခွန်မင်းနှင့် ရွှေကိုင်းမယ်တော်တို့မှ မွေးဖွားသော သားကြီးသည် ကိုကြီးကျော် (ခေါ်) ဦးမင်းကျော် ဖြစ်သည်ဟူသော စကားရပ်အား ရှင်းတမ်းပြုရန် လိုအပ်လာပေသည်။ သိန်းခွန်မင်းသည် ခရစ်အေဒီ ၇၃၄-ခုမှ ၇၄၄-အထိ နန်းစံခဲ့ကြောင်း တွေ့ရှိရသဖြင့် သာသနာသက္ကရာဇ် ၁၂၇၆-နှင့် ကိုက်ညီနေပေသည်။ ထိုအချိန်ကို အင်းဝခေတ်တွင် ငါးထပ်ကြီးဘုရားဒါယကာမင်းလက်ထက်၌ (၃၇)မင်း နတ်ချင်းများကို အသစ်ပြန်ပြုလုပ်စေသဖြင့် ဝန်ကြီး ပဒေသရာဇာ၏ (၃၇)မင်း နတ်စာရင်းကို ရှာဖွေလေ့လာရပေသည်။ ထိုမှတဖန် မြဝတီမင်းကြီး ဦးစ ပြုစုခဲ့သည့် နတ်ချင်းသမိုင်းစုနှင့် နတ်ချော့တေးချင်းကို၎င်း၊ ပညာဝန် ဦးဖိုးကျား၏ နတ်သမိုင်း ကိုယ်တွေ့ဝတ္ထု အမှတ်(၅)၊ မဟာဂီတမေဒနီ ကျမ်းတို့နှင့် ညှိကြည့်ရလေသည်။ ဂီတသိပ္ပံစာအုပ်၊ စာမျက်နှာ (၄၀၉)မှ (၄၁၉)၌ သက္ကရာဇ် ၁၁၆၇-ခုနှစ်တွင် (၃၇)မင်း နတ်ချင်းများကို အိမ်ရှေ့မင်းသားမှ ဆိုင်းတော်တီး ငမြတ်သာနှင့် ငတရုတ်တို့အား စေခိုင်းခဲ့သော မှတ်တမ်းကို လေ့လာရာတွင် ဦးမင်းကျော် (သို့) ကိုကြီးကျော် အမည် မတွေ့ရပဲ မင်းကျော်စွာနတ်ဟုသာ တွေ့ရသဖြင့် ထိုမင်းကျော်စွာ နတ်ပင် ဦ းမင်းကျော် ဖြစ်လေသည်ဟု သံသယဖြစ်ပေါ်စေပါသည်။
Line ၂၄ ⟶ ၂၂:
ထိုပခန်းမြို့၌ နှစ်စဉ် ပခန်းနတ်ကြီးပွဲ တပေါင်းလဆန်း (၃)ရက်မှ လဆန်း(၅)ရက်နေ့အထိ ခမ်းနားကြီးကျယ်စွာ ကျင်းပစမြဲဖြစ်သည်။ နတ်ပွဲကျင်းပရာ ဂူနီကျေးရွာသည် ပခန်းမြို့အနီး၌ တည်ရှိပြီး ပုဂံမြို့နှင့် ခရီးကွာဝေးနေကြောင်း တွေ့ရှိရပေသည်။ သို့သော် ပါးစပ်ရာဇဝင်များ၌ ဦးမင်းကျော်သည် ပုဂံသိန်းခွန်မင်းနှင့် ရွှေကိုင်းမယ်တော်တို့မှ မွေးဖွားသည် ဟူ၍၎င်း၊ ပင်းယခေတ် ငါးစီးရှင်ကျော်စွာဟူ၍၎င်း အမျိုးမျိုး အဖုံဖုံ ယူဆထွက်ဆိုချက်များအား မြို့တည်နန်းတည် ကိန်းဂဏန်းများဖြင့် ချိန်ကိုက်ကြည့်ရန် လိုအပ်လာပြန်သည်။
 
<blockquote>*ကြာအိုးအံ ပုဂံတည် - ၂၁၁-ခုနှစ်
*သော်တာလ ပင်းယတည်- ၆၇၄-ခုနှစ်</blockquote>
 
== ကိုးကား ==