မာတိကာသို့ ခုန်သွားရန်

ထွန်းတင်၊ သူရ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
infobox
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox officeholder
[[File:PM_Thura_Htun_Tin.JPG|right|thumb|ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်]]
| name= သူရဦးထွန်းတင်
| native_name =
| nationality=မြန်မာ
| image= PM_Thura_Htun_Tin.JPG
| imagesize =
| order= [[မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်|မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ဝန်ကြီးချုပ်]]
| president= ဦး[[စိန်လွင်]]<br />ဦး[[အေးကို (နိုင်ငံတော်သမ္မတ)|အေးကို]]<br />ဦး[[မောင်မောင် (နိုင်ငံတော်သမ္မတ)|မောင်မောင်]]
| vicepresident=
| term_start= ၂၆ ဇူလိုင် ၁၉၈၈
| term_end= ၁၈ စက်တင်ဘာ ၁၉၈၈
| predecessor= ဦး[[မောင်မောင်ခ (ဝန်ကြီးချုပ်)|မောင်မောင်ခ]]
| successor=ဗိုလ်ချုပ်မှူးကြီး[[စောမောင်၊ ဦး(ဗိုလ်ချုပ်မှူးကြီး)|စောမောင်]]
| birth_date={{birth date|1920|10|2|df=y}}
| birth_place=[[မြစ်ကြီးနားမြို့]]၊ [[ဗြိတိသျှဘားမား]]
| death_date= {{Death date and age|2020|5|1|1920|10|2|df=y}}
| death_place=
| spouse=
| children=
| religion=[[ထေရဝါဒ ဗုဒ္ဓဘာသာ]]
| party=[[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ]]
| alma_mater=[[မန္တလေးတက္ကသိုလ်|မန္တလေးကောလိပ်]]
| allegiance = [[မြန်မာနိုင်ငံ]]
| branch = [[တပ်မတော်]]
| serviceyears = <!--BC 5591-->
| rank = [[File:Brigadier General Tatmadaw.gif|15px]] [[ဗိုလ်မှူးချုပ်]]
| unit =
| commands =
| battles =
| awards =
}}
'''သူရဦးထွန်းတင်''' (၂ အောက်တိုဘာ ၁၉၂၀–<ref name="bbc">{{cite web|url=http://www.bbc.com/burmese/in-depth-44085875|title=၉၇ နှစ် အရွယ် မြန်မာ ဝန်ကြီးချုပ်ဟောင်း|work=ဘီဘီစီ မြန်မာပိုင်း|author=ဘိုဘို|date=၁၁ မေ ၂၀၁၈|accessdate=၁၂ မေ ၂၀၁၈}}</ref>၁ မေ ၂၀၂၀) သည် ၁၉၈၈ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
'''သူရဦးထွန်းတင်''' (၂ အောက်တိုဘာ ၁၉၂၀–<ref name="bbc">{{cite web|url=http://www.bbc.com/burmese/in-depth-44085875|title=၉၇ နှစ် အရွယ် မြန်မာ ဝန်ကြီးချုပ်ဟောင်း|work=ဘီဘီစီ မြန်မာပိုင်း|author=ဘိုဘို|date=၁၁ မေ ၂၀၁၈|accessdate=၁၂ မေ ၂၀၁၈}}</ref>၁ မေ ၂၀၂၀) သည် ၁၉၈၈ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။



၁၀:၁၂၊ ၃ မေ ၂၀၂၀ ရက်နေ့က မူ

သူရဦးထွန်းတင်
မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၆ ဇူလိုင် ၁၉၈၈ – ၁၈ စက်တင်ဘာ ၁၉၈၈
သမ္မတဦးစိန်လွင်
ဦးအေးကို
ဦးမောင်မောင်
ယခင်လူဦးမောင်မောင်ခ
ဆက်ခံသူဗိုလ်ချုပ်မှူးကြီးစောမောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1920-10-02)၂ အောက်တိုဘာ၊ ၁၉၂၀
မြစ်ကြီးနားမြို့ဗြိတိသျှဘားမား
ကွယ်လွန်၁ မေ၊ ၂၀၂၀(2020-05-01) (အသက် ၉၉)
လူမျိုးမြန်မာ
နိုင်ငံရေးပါတီမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
မိခင်ကျောင်းမန္တလေးကောလိပ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူး ဗိုလ်မှူးချုပ်

သူရဦးထွန်းတင် (၂ အောက်တိုဘာ ၁၉၂၀–[]၁ မေ ၂၀၂၀) သည် ၁၉၈၈ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ငယ်စဉ် နှင့် ပညာသင်ဘဝ

သူရထွန်းတင် ကို ၁၉၂၀ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ကျောင်းသား သံမဏိခေါင်းဆောင်နှင့် မြေအောက် တော်လှန်ရေး ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥပစာ(သိပ္ပံဘွဲ့)ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၄၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဂျပန်ခေတ် တတိယပတ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း တက်ရောက်ပြီး နိုဝင်ဘာ ၃၀ ရက် တွင် ကျောင်းဆင်းခဲ့သည်။ [] လွတ်လပ်ရေး တိုက်ပွဲများတွင် ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၃)၊ တပ်ရင်း(၁)၊ မင်္ဂလာဒုံ စစ်တက္ကသိုလ်နှင့် တိုင်း(၇)စစ်ဌာနချုပ်၊ မျိုးချစ် ဗမာ့ တပ်မတော် တွင် တိုင်း(၇)နယ်မြေ၊ သနက(၄)တို့၌ တာဝန် ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ကို ရရှိခဲ့သည်။ ၁၉၄၈-၁၉၄၉ ခုနှစ် အထိ တပ်ရင်း(၅)တွင် တပ်ခွဲမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီးစ အချိန် ရောင်စုံသူပုန် ဟုခေါ်သော သောင်းကျန်းသူများ ထကြွနေသော အချိန်ဖြစ်သည်။ ကေအမ်ဒီအို တို့ကလည်း အင်အား အကြီးမားဆုံး နှင့် အပြင်းထန်ဆုံး ထိုးဖောက်စစ် ကို ကြုံတွေ့ခဲ့ရသည်။ ကေအင်ဒီအို တို့ ထိုးစစ်သည် သံချပ်ကာကားများကို ရှေ့တန်းတင်၍ တိုက်ခိုက်သဖြင့် အင်းစိန်-ရန်ကုန် ကားလမ်းပေါ်ရှိ တပ်မတော်၏ ရှေ့တန်း ကာကွယ်ရေးစည်း ကျိုးပေါက်သွားခဲ့သည်။ စောဘင်ဆင်ခြံ ရှိ တပ်ရင်း ရှေ့တန်း ကွပ်ကဲရေးစခန်း လည်း ကျသွားခဲ့သည်။ ထိုအချိန် ဘီအိုင်အေ ဦးထွန်းရွှေ အိမ်၌ နေရာယူထားသော တိုင်းစစ်ဌာနချုပ် မှ အခြေအနေ သိသိချင်း တပ်မှူးကြီး ကိုယ်တိုင် အသင့်ရှိသော ရေတပ်မတော်မှ ဘိုဖာအမြောက်တံမြက်စည်းကို ကားလမ်းပေါ် တင်ပြီး ရန်သူ အားမတ်ကော်လံ အလာကို စောင့် အပစ်ခိုင်းခဲ့သည်။ တံမြက်စည်းက ပစ်ရန် အသင့် ဖြစ်လျှင်ဖြစ်ခြင်း ပစ်ကွင်းထဲသို့ ရန်သူကားများ ရောက်ရှိလာခဲ့ရာ ပစ်ခတ်တိုက်ခိုက်ရာ ချက်ကောင်းမှန်ပြီး ရန်သူ အားမတ်ကား မီးလောင်ပျက်စီးခဲ့သည်။ ရှေ့ဆုံးမှ ရန်သူ အားမတ်ကား၏ ကားမောင်းသူကို အရက်မူးအောင် တိုက်ထားပြီး ခြေထောက်ကို သံကြိုးခတ်ချည် သော့ခတ်ထားသဖြင့် ဆင်းမပြေးနိုင်ဘဲ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရုံး ၌ ညအိပ်သော ဦးစီးချုပ်မှလည်း သတင်းရရချင်း အရန်ထားသောရေတပ်မှ ဗိုလ်ကြီး တော်မီရိုက်နှင့် ဘိုဖာအမြောက်များ၊ ဗိုလ်ကြီး မောင်မောင်ကြီးအော်လီကန်ဂမ်းများ စေလွှတ်ခဲ့ပါသည်။ ယင်းကဲ့သို့ အားမတ်ကားတွေ ထိမှန်ပြီး မတက်နိုင်သော်လည်း ခြေလျင်နှင့်တစ်ဖွဲ့၊ ကားနှင့်တစ်ဖွဲ့ ကေအမ်ဒီအို တို့ ရန်ကုန်ကို ချီတက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အင်းစိန်အဝင် ကြို့ကုန်း ဘိုးတော်ရာကျော်ကျောင်းတွင် တပ်စွဲထားသော ဗိုလ်ကြီး ထွန်းတင်၏ တပ်ခွဲသည် နောက်မဆုတ်ဘဲကျန်ခဲ့သည်။ ဗိုလ်ကြီး ထွန်းတင်ကိုယ်တိုင် သတ္တိရှိရှိ နှင့် ဖြတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူသည် စစ်သဘောအရ နောက်ကျောမလုံမှု နှင့် စစ်ထိုးမှုကို အထူး ကြောက်ကြရသည့် ထုံးတမ်းစဉ်လာအရ တစ်ချိုးတည်းဆုတ်ခဲ့ရသည်။ ဗိုလ်ကြီးထွန်းတင်လည်း အင်းစိန်တိုက်ပွဲတွင် သူရဘွဲ့ချီးမြှင့်ခံခဲ့ရသည်။ အမှတ်(၄)ခြေလျင်တပ်ရင်းနှင့်အတူ ရန်ကြီးအောင် စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ တပ်ရင်းမှူး၊ ခေတ္တ တပ်မဟာမှူး၊ စစ်ဦးစီးမှူး (ပထမတန်း)၊ ၁၉၇၁ ခုနှစ်တွင် တပ်မတော် လေ့ကျင့်ရေးမှူး၊ တပ်ထိန်းချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဘဝ

၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိကျင်းပခဲ့သော ပထမအကြိမ် ပါတီညီလာခံနှင့် ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသော ဒုတိယအကြိမ် ပါတီညီလာခံ နှင့် ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ် ပါတီညီလာခံတို့၌ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲ နှင့် ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့သောဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်ပွဲ ၌ မြစ်ကြီးနား မဲဆန္ဒနယ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး၊ သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော တတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေး ၌ နတ္တလင်း မြို့နယ် မဲဆန္ဒနယ်(၁)မှ သူရဦးထွန်းတင် အား ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲတွင်လည်း ဒုတိယကြိမ်မြောက် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ထပ်မံ ရွေးချယ်ခြင်း ခံခဲ့ရပါသည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ကို ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ ၌ ကျင်းပခဲ့ရာ သူရဦးထွန်းတင် အား ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ ကြပါသည်။[] ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် တာဝန်မှ အနားယူခဲ့ပါသည်။

ဂုဏ်ပြုချီးကျူးခံရခြင်းများ

စစ်မှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမအဆင့်)ကို ရရှိခဲ့သည်။

ပြည်ပခရီးများ

၁၉၇၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ဩစတြီးယားနိုင်ငံသို့လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံသို့လည်းကောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန် နိုင်ငံသို့လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ သို့ လည်းကောင်း သွားရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် နယ်သာလန်ဗြိတိန်ဗဲလဂျီယမ်နိုင်ငံသို့လည်းကောင်း၊ ဇွန်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့လည်းကောင်းသွားရောက်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ဧပြီလ ၂၀ ရက်နေ့ မှ မေ ၂၀ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ တို့နှင့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ၁၉၈၆ ခုနှစ်၊ မေလတွင် ဖိလစ်ပိုင်နိုင်ငံ၊ အောက်တိုဘာလ တွင် အမေရိကန် နိုင်ငံ၊ ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ တို့သို့ အသီးသီးသွားရောက်ခဲ့သည်။

ကွယ်လွန်ခြင်း

သူရဦးထွန်းတင်သည် ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်နေ့တွင် အမှတ် (၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၅၀၀) တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိခဲ့ပြီဖြစ်သည်။[]

ကိုးကား

  • မင်းမင်းစိုး၊ ဝိဇ္ဇာဘွဲ့ (ဉပဒေ) (၂၀၀၆)။ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ နှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနုစ် မှ ၁၉၈၈ခုနှစ် အထိ)။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန။

ရည်ညွန်း

  1. ဘိုဘို (၁၁ မေ ၂၀၁၈)။ ၉၇ နှစ် အရွယ် မြန်မာ ဝန်ကြီးချုပ်ဟောင်းဘီဘီစီ မြန်မာပိုင်း။ ၁၂ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ဗိုလ်မင်းညို၊ ဂျပန်ခေတ် စစ်တက္ကသိုလ် (ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၉) စာ ၂၂၃
  3. မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ၁၉၈၉။ (ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၈၉) စာ၂၄၃
  4. "သူရဦးထွန်းတင် နာရေးကြေငြာစာ" (၂ မေ ၂၀၂၀). မြန်မာ့အလင်းသတင်းစာ. Retrieved on ၂ မေ ၂၀၂၀.