မာတိကာသို့ ခုန်သွားရန်

ဖစ်ရှင်း (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

Computer security လောကမှာတော့ phishing ဟာ ဥပဒေဖောက်ဖျက်တာ တစ်ခုပါပဲ။ credit card ရဲ့usernames,password များကို လိမ်လည်လှည့်ဖျား၍ဖြစ်စေ စိတ်ဝင်စားသည့်အရာကို ဆွဲဆောင်ပြီးတော့ဖြစ်စေ online ပေါ်ကနေ ရယူသွားခြင်းဖြစ်ပါတယ်။ phishing ဆိုသည်မှာ fishing နှင့် pish ကို ပေါင်းထားသော စာလုံးပါ။ အခြား နာမည်ကြီး social website တွေ online payment processors တွေ ဒါမှမဟုတ် IT administrator တွေကို ရည်ရွယ်ပြီး တိုက်ခိုက်ပါတယ်။ Phishing ကို ပုံမှန်အားဖြင့်တော့ email ကနေ ထင်ယောင်ထင်မှား စာအနေနဲ့ဝင်ရောက်တတ်ပါတယ်။ တစ်ခါတစ်လေ email ကနေတဆင့် website အတုအယောင်တွေ ရဲ့ link တွေကိုပေးပြီး တကယ့်အစစ်အမှန်လို့ ထင်အောင် ဖန်တီးတတ်ပါတယ်။ ဥပမာအားဖြင့် နာမည်ကြီး social website ရဲ့ ပုံစံအတိုင်းဖန်တီးပြီးတော့ users တွေကို ထင်ယောင်ထင်များဖြစ်အောင် လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ website ကို exploits လုပ်ပြီးတော့လည်း users တွေကို website အတုအယောင်တွေဆီ ပြောင်းခေါ်သွားနိုင်ပါတယ်။