မာတိကာသို့ ခုန်သွားရန်

ဂျူဆေပေ ‌ဗေရ်ဒီ

ဝီကီပီးဒီးယား မှ

ဂျူဆေပေ ဖိုရ်တူနီနို ဖရန်ကျေစကို ဗေရ်ဒီ(အီတလီ: Giuseppe Fortunino Francesco Verdi; ၁၀ အောက်တိုဘာ ၁၈၁၃ ~ ၂၇ ဇန်နဝါရီ ၁၉၀၁)သည် အော်ပရာများ အဓိကရေးစပ်ခဲ့သော အီတလီလူမျိုး တေးရေးဆရာ ဖြစ်သည်။ သူသည် ၁၉ ရာစု အီတလီ အော်ပရာ၏ သြဇတိက္ကမ အကြီးဆုံး တေးရေးဆရာ ဖြစ်ခဲ့သည်။ ဗေရ်ဒီ၏ လက်ရာများကို ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း အော်ပရာ ပြဇာတ်ရုံများတွင် မကြာခဏ ပြသလေ့ရှိသည်။