အာဆီယံဘောလုံးအဖွဲ့ချုပ်
AFF အမှတ်တံဆိပ် | |
ဖွဲ့စည်းခြင်း | ၃၁ ဇန်နဝါရီ ၁၉၈၄[၁] |
---|---|
အမျိုးအစား | အားကစားအဖွဲ့ချုပ် |
ဌာနချုပ် | ပီတလင်း ဂျာယားမြို့ ဆလန်ဂေါ |
အဖွဲ့ဝင်များ | အဖွဲ့ဝင်၁၂နိုင်ငံ |
ဗိုလ်ချုပ် ကီအတ် စာမတ်[၂] | |
ဝက်ဘ်ဆိုဒ် | aseanfootball.org/v3/ |
အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[၁]
၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။
၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂျကာတာတွင်ပြုလုပ်သော မူလတည်ထောင်အဖွဲ့ဝင်၆နိုင်ငံ (ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ) အစည်းအဝေးမှအစပြု၍ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ၁၉၈၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်ကိုတည်ထောင်ဖြစ်ခဲ့သည့်အစီအစဉ်ဖြစ်လာရခြင်းမှာ ၁၉၈၂ခုနှစ်က ဘန်ကောက်မြို့တွင်ကျင်းပသော တိုက်ခွဲငယ်ဘောလုံးအဖွဲ့ချုပ်ထူထောင်ရေး ကနဦးအစည်းအဝေးမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့ ဟမ်ဇာ အဘူစာမား၊ ပီတာ ဗယ်လက်ပန်၊ ဟမ်း ပန်ဒလာကီ၊ ဖာနန်ဒို ဂျီ.အယ်ဗာရက်၊ ပီစစ် ငန်ပန်နစ်၊ တျိုချောင်တီးနှင့် ရပ်ဘွန်ချွမ်းတို့တက်ရောက်ခဲ့ကြသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်မှာ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပီတလင်း ဂျာယားမြို့တွင်တည်ရှိသည်။
ဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]ဥက္ကဋ္ဌ | တာဝန်ထမ်းနှစ် |
---|---|
အိတ်ချ်.ကာဒိုနို | ၁၉၈၄–၁၉၉၄ |
ဗီဂျစ် ကတ်ကော | ၁၉၉၄–၁၉၉၆ |
တန်ကူ တန် စရီဒါတို' ဆယ်ရီအာမက် ရစ်သာအူဒင် | ၁၉၉၆–၁၉၉၈ |
စူလ်တန်ဟာဂျီ အာမက်ရှား | ၂၀၀၇–၂၀၁၉ |
ဗိုလ်ချုပ် ကီအတ် စာမတ် | ၂၀၁၉–၂၀၂၃ |
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]AFFတွင် အဖွဲ့ဝင်၁၂နိုင်ငံပါဝင်ပြီး အားလုံးမှာ အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်များပင်ဖြစ်သည်။
ကုဒ် | အဖွဲ့ချုပ် | ပါဝင်သည့်ခုနှစ် |
---|---|---|
AUS | ဩစတြေးလျ | ၂၀၁၃ |
BRU | ဘရူနိုင်း | ၁၉၈၄ |
CAM | ကမ္ဘောဒီးယား | ၁၉၉၆ |
IDN | အင်ဒိုနီးရှား | ၁၉၈၄ |
LAO | လာအို | ၁၉၉၆ |
MAS | မလေးရှား | ၁၉၈၄ |
MYA | မြန်မာ | ၁၉၉၆ |
PHI | ဖိလစ်ပိုင် | ၁၉၈၄ |
SIN | စင်ကာပူ | ၁၉၈၄ |
THA | ထိုင်း | ၁၉၈၄ |
TLS | အရှေ့တီမော | ၂၀၀၄ |
VIE | ဗီယက်နမ် | ၁၉၉၆ |
ယှဉ်ပြိုင်မှုများ
[ပြင်ဆင်ရန်]နိုင်ငံတကာ
[ပြင်ဆင်ရန်]အာဆီယံဆူဇူကီးဖလား(AFF Championship) နှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship ) တို့ကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး အာဆီယံ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်။
ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး၊ အသက်အရွယ်အလိုက် ယူ-၁၆၊ ယူ-၁၉၊ယူ-၂၃ စသည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲများကိုလည်း ကျင်းပလေ့ရှိသည်။
ကလပ်
[ပြင်ဆင်ရန်]ဘောလုံးကလပ်အသင်းများအတွက် ပြိုင်ပွဲအဖြစ် မဲခေါင်ကလပ်ချန်ပီယံရှစ်ကို ၂၀၁၄ မှစ၍ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံ (ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း နှင့် ဗီယက်နမ်) ယှဉ်ပြိုင်ကြသည်။
ထို့အပြင် အာဆီယံဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ (AFF Futsal Club Championship)ကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိသည်။
လက်ရှိချန်ပီယံများ
[ပြင်ဆင်ရန်]အဆင့်သတ်မှတ်ချက်များ
[ပြင်ဆင်ရန်]
အမျိုးသားလက်ရွေးစင်အသင်းများ[ပြင်ဆင်ရန်]အဆင့်သတ်မှတ်ချက်များ ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် မှ တွက်ချက်သည်။
Last updated 14 June 2019 Archived 25 June 2016 at the Wayback Machine. |
ထိပ်သီးအမျိုးသားလက်ရွေးစင်အသင်းများ |
Elo အဆင့်သတ်မှတ်ချက်
[ပြင်ဆင်ရန်]အဆင့်သတ်မှတ်ချက်များ ကို အီလို ဝက်ဘ်ဆိုဒ်မှ တွက်ချက်သည်။
AFF | AFC | Elo | နိုင်ငံ | အဆင့်သတ်မှတ်ချက် | +/−* |
---|---|---|---|---|---|
1 | 4 | 48 | ဩစတြေးလျ | 1673 | 4 |
2 | 15 | 111 | ဗီယက်နမ် | 1370 | 8 |
3 | 20 | 129 | ထိုင်း | 1326 | 17 |
4 | 33 | 154 | အင်ဒိုနီးရှား | 1224 | 7 |
5 | 24 | 172 | ဖိလစ်ပိုင် | 1131 | 2 |
6 | 32 | 173 | မလေးရှား | 1127 | 2 |
7 | 34 | 177 | စင်ကာပူ | 1106 | |
8 | 26 | 186 | မြန်မာ | 1054 | |
9 | 36 | 204 | ကမ္ဘောဒီးယား | 839 | 7 |
10 | 41 | 222 | လာအို | 689 | 1 |
11 | 44 | 227 | အရှေ့တီမော | 637 | |
12 | 43 | 229 | ဘရူနိုင်း | 619 |
Last updated 24 June 2019
*အဆင့်ပြောင်းလဲမှုများမှာ www.eloratings.net မှ ၃လတာ အဆင့်ပြောင်းလဲမှုများကို အခြေခံ၍သတ်မှတ်သည်။
အမျိုးသမီးလက်ရွေးစင်အသင်းများ
[ပြင်ဆင်ရန်]
အဆင့်သတ်မှတ်ချက်များ ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တွက်ချက်သည်။
နောက်ဆုံးပြင်ဆင်ချိန်: ၂၇ရက် မတ်လ ၂၀၂၀ Archived 15 January 2015 at the Wayback Machine. * ဖီဖာမှတရားဝင်အဆင့်သတ်မှတ်ထားသောအသင်းများနှင့် မကစားခဲ့သည်မှာ |
ထိပ်သီးအမျိုးသမီးလက်ရွေးစင်အသင်းများ |
ပေးအပ်သောဆုများ
[ပြင်ဆင်ရန်]အာဆီယံဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲများကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။
အာဆီယံချစ်ကြည်ရေးဆု
[ပြင်ဆင်ရန်]နှစ် | လက်ခံရရှိသူ |
---|---|
၂၀၁၃ | စူလ်တန်ဟာဂျီ အာမက်ရှား |
၂၀၁၆ | ဦးဇော်ဇော် |
AFF အကောင်းဆုံးအဖွဲ့ချုပ်ဆု
[ပြင်ဆင်ရန်]နှစ် | အဖွဲ့ချုပ် |
---|---|
၂၀၁၃ | မြန်မာ |
၂၀၁၅ | မြန်မာ |
၂၀၁၇ | ဗီယက်နမ် |
၂၀၁၉ | အင်ဒိုနီးရှား |
AFF အကောင်းဆုံးလက်ရွေးစင်အသင်းဆု
[ပြင်ဆင်ရန်]နှစ် | လက်ရွေးစင်အသင်း (အမျိုးသား) | လက်ရွေးစင်အသင်း (အမျိုးသမီး) |
---|---|---|
၂၀၁၃ | စင်ကာပူ | ဗီယက်နမ် |
၂၀၁၅ | ထိုင်း | ထိုင်း |
၂၀၁၇ | ထိုင်း | ထိုင်း |
၂၀၁၉ | ဗီယက်နမ် | ထိုင်း |
AFF အကောင်းဆုံးကစားသမားဆု (အမျိုးသား)
[ပြင်ဆင်ရန်]နှစ် | အမည် | ကလပ် |
---|---|---|
2013 | ရှာရီးလၲ အီရှတ်ခ် | LionsXII |
2015 | ချာနာသစ် စုန်ခရာစင် | ဘီအီးစီ တယ်ရိုဆာစနာ |
2017 | ချာနာသစ် စုန်ခရာစင် | မွန်သောင်ယူနိုက်တက် |
2019 | ငုယင်ကွမ်ဟိုင်း | ဟနွိုင်း |
AFF အကောင်းဆုံးကစားသမားဆု (အမျိုးသမီး)
[ပြင်ဆင်ရန်]နှစ် | အမည် | ကလပ် |
---|---|---|
2013 | ဒေါင်သီခူသရင် | ဟိုချီမင်းစီးတီး I W.F.C. |
2015 | နီဆာ ရွန်ယန် | မြောက်ဘန်ကောက်တက္ကသိုလ် |
2017 | ဝါရာပွန် ဘွန်စင်း | ဘီဂျီ-ဘန်းဒစ်အေးရှား |
2019 | ပစ်စာမိုင်း ဆွမ်စိုင်း | ချုံဘူရီအားကစားကျောင်း |
AFF အကောင်းဆုံးလူငယ်ကစားသမားဆု
[ပြင်ဆင်ရန်]နှစ် | အမည် | ကလပ် |
---|---|---|
2013 | ကီယိုဗီယမ်ဖက် လစ်သီဒက် | အက်ဇ်ရာ |
2015 | အောင်သူ | ရတနာပုံ |
2017 | ဒွန်ဗန်ဟောင် | ဟနွိုင်း |
2019 | ဆူဖာနတ် မူအန်သာ | ဘူရီရမ်ယူနိုက်တက် |
AFF အကောင်းဆုံးဖူဆယ်အသင်းဆု
[ပြင်ဆင်ရန်]နှစ် | ဖူဆယ်လက်ရွေးစင်အသင်း |
---|---|
2013 | ထိုင်း |
2015 | ထိုင်း |
2017 | ထိုင်း |
2019 | ထိုင်း |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ AFF - The Official Website Of The ASEAN Football Federation။ About AFF (20 March 2015)။ 20 March 2015 တွင် ပြန်စစ်ပြီး။
- ↑ Maj Gen Khiev Sameth is the new AFF president။ AFF (17 March 2019)။ 25 June 2019 တွင် ပြန်စစ်ပြီး။