အာဖရိကရွှေကြောင်
ပုံပန်းသွင်ပြင်
အာဖရိကရွှေကြောင် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Felinae |
မျိုးစု: | Caracal |
မျိုးစိတ်: | C. aurata
|
ဒွိနာမ | |
Caracal aurata (Temminck, 1827)
| |
မျိုးစိတ်ကွဲ | |
| |
Distribution of the African golden cat, 2015[၁] | |
Synonyms | |
|
အာဖရိကရွှေကြောင်သည် အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ မိုးသစ်တောများတွင် ကျက်စားသော ကြောင်ရိုင်းတစ်မျိုး ဖြစ်သည်။[၂] ကဲရကယ်ကြောင်ရိုင်း၊ ဆာဗယ်ကြောင်ရိုင်းတို့နှင့် မျိုးနီးစပ်သည်။[၃]
ဦးခေါင်းမှ ကိုယ်အရှည်သည် ၆၁ မှ ၁၀၁ စင်တီမီတာ (၂၄ မှ ၄၀ လက်မ) ရှိ သည်။ အမြီးအရှည်မှာ ၁၆ မှ ၄၆ စင်တီမီတာ (၆.၃ မှ ၁၈.၁ လက်မ) ရှိ သည်။ [၄]အိမ်ကြောင်၏အရွယ်အစား နှစ်ဆ ရှိသည်။[၅]
အပူပိုင်းသစ်တောများတွင် ကျက်စားပြီး မြစ်အနီးတဝိုက်တွင်တွေ့ရတတ်သည်။ အနောက်ဘက်တွင် ဆီနီဂေါလ်နိုင်ငံမှ အရှေ့ဘက်တွင် ကင်ညာနိုင်ငံအထိ၊ မြောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်ဘက်တွင် အင်ဂိုလာနိုင်ငံ မြောက်ပိုင်းအထိ တွေ့ရသည်။ တစ်ကောင်တည်းသာ ကျက်စားတတ်သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Bahaa-el-din, L. (2015). "Caracal aurata". IUCN Red List of Threatened Species 2015. IUCN.
- ↑ Bahaa-el-din, L., Mills, D., Hunter, L. & Henschel, P. (2015). "Caracal aurata". IUCN Red List of Threatened Species. Version 2015.2. International Union for Conservation of Nature.
- ↑ Johnson, W. E.; Eizirik, E.; Pecon-Slattery, J.; Murphy, W. J.; Antunes, A.; Teeling, E.; O’Brien, S. J. (January 2006). "The Late Miocene Radiation of Modern Felidae: A Genetic Assessment". Science 311: 73–77. doi:10.1126/science.1122277. PMID 16400146.
- ↑ Sunquist, M.; Sunquist, F. (2002). Wild Cats of the World. Chicago: University of Chicago Press. pp. 246–251. ISBN 0-226-77999-8.
- ↑ Sunquist, M.; Sunquist, F. (2002). Wild Cats of the World. Chicago: University of Chicago Press. pp. 246–251. ISBN 0-226-77999-8.
- ↑ Sunquist, M.; Sunquist, F. (2002). Wild Cats of the World. Chicago: University of Chicago Press. pp. 246–251. ISBN 0-226-77999-8.
ဤ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |