အာလူးစားသူများ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။(ဖေဖော်ဝါရီ ၂၀၁၆) |
The Potato Eaters | |
---|---|
ဒတ်ချ်: De Aardappeleters | |
အနုပညာရှင် | ဗင်းဆင့်ဗန်ဂိုးလ် |
ခုနစ် | ၁၈၈၅ |
ကတ်တလောက် | F82 JH764 |
အမျိုးအစား | Oil painting |
ဒိုင်မင်းရှင်း | ၈၂ cm × ၁၁၄ cm (၃၂.၃ in × ၄၄.၉ in) |
တည်နေရာ | Van Gogh Museum, Amsterdam |
ပန်းချီကားကို ၁၈၈၅ ဧပြီလတွင် ဒတ်ချ်လူမျိုး ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးလ်မှ ရေးဆွဲခဲ့သည်။ ယခုအခါ ပန်းချီကားသည် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ ဗင်းဆင့်ဗန်ဂိုးလ်ပြတိုက်တွင်ထားရှိသည်။ ပန်းချီကားသည် စားပွဲတစ်ခု၏ ပတ်ပတ်လည်တွင် အာလူးစားနေကြသည့် တောင်သူလယ်သမားငါးယောက်၏ ပုံကိုရေးဆွဲထားသည့် ဆီဆေးပန်ချီကား တစ်ချပ်ဖြစ်သည်။
ပန်းချီ၏ ဆိုလိုရင်း
[ပြင်ဆင်ရန်]သုံးယောက်မှာ မိန်းကလေးများဖြစ်ကြပြီး ကျန်နှစ်ယောက်သည် ယောက်ျားလေးများဖြစ်ကြသည်။ ပန်းချီကားသည် တောင်သူလယ်သမားငါးယောက်၏ ညစာကို လက်တွေ့ဆန်ဆန် သဘာဝကျကျ ဖော်ပြထားခြင်းဖြစ်သည်။ ငါးယောက်ထဲမှ အများစုသည် အာလူးစားနေကြသည်။ ညာဘက်မှ အမျိုးသမီးကြီးသည် ကော်ဖီရောင်နှင့် ဆင်တူသည့် လက်ဖက်ရည်ကြမ်းကို ငှဲ့နေပြီး အားလုံးမှာ ဦးထုပ်တွေ၊ ခေါင်းစည်းတွေ၊ ထူပြီးရှည်သည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အားလုံးမှာ အမှောင်ခန်းလေးထဲတွင် ရှိနေကြသည်။ တစ်ခုတည်းသောအလင်းရောင်မှာ မျက်နှာကြက် ထုတ်တန်းတွင် တွဲလောင်းချထားသည့် မီးအိမ်လေးမှ ဖြာကျနေသည့် အလင်းရောင်ကလေးဖြစ်သည်။ မီးအိမ်လေးသည် ပန်ချီကား၏ အလယ်တည့်တည့်လောက်တွင်ရှိနေပြီး ဤမီးအိမ်လေးကြောင့်သာ တစ်ခန်းလုံးလင်းနေခြင်းဖြစ်သည်။
ပန်းချီကားသည် အမှောင်ဆန်သည့် အရောင်များသုံးထားသော်ငြားလည်း တောင်သူလယ်သမားများ၏ မျက်နှာသည်တောက်ပနေပြီး ၎င်းတို့စိတ်ထဲရှိ ရောယှက်နေသည့် အတွင်းစိတ်ခံစားမှုများကို ဖော်ပြနေသည်။ မျက်နှာအမူအရာများသည် တစ်ခုခုကိုအလေးအနက်ထားနေပြီး တည်ငြိမ်နေသည်ကို တွေ့ရသည်။ နောက်တစ်ချက်အနေဖြင့် ၎င်းတို့ မပျော်မရွှင်ဖြစ်နေသည်ကို ၎င်းတို့မျက်နှာများမှ ဖော်ပြနေသည်။ မျက်နှာပေါ်တွင် တစ်ခုခုကို စိတ်ထဲမှာ အကောင်းနဲ့အဆိုးဒွန်တွဲပြီး ဒွိဟဖြစ်နေပုံ၊ တစ်ခုခုကို မယုံကြည်သည့် ပုံမျိုးလည်းတွေ့ရသည်။ အားလုံးသည် တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုခြင်းမရှိ ၎င်းတို့အတွေးကမ္ဘာလေးထဲတွင် တစ်ခုခုကိုတွေးနေကြသည်။
ယင်းတို့သည် ကြမ်းတမ်းသည့် ပုံစံမျိုးရှိနေပြီး ဤအရာမှာလည်း လယ်သမားများ၏ အထင်ရှားဆုံး ဝိသေသလက္ခဏာတစ်ခုကို ပုံဖော်ထားခြင်းဖြစ်သည်။ အာလူးစားရန် ဆန့်ထုတ်ထားသည့် လက်များကို ကြည့်ခြင်းအားဖြင့် အားလုံးသည် ပိန်ပြီး အသားအရေမှာလည်း ကြမ်းတမ်းနေသည်ကို တွေ့ရသည်။ သို့သော် ပုံစံတွေသည် တမင်သက်သက် ပုံဖော်ယူထားသည့် ပုံမပေါက်ပဲ အရမ်းကိုသဘာဝဆန်နေသည်။ ဗန်ဂိုးလ်သည် ဤပန်းချီကားတွင် ဆင်းရဲသားတောင်သူများ၏ ကြမ်းတမ်းလှသည့် သာမန်ဘဝလေးကို ပုံဖော်လိုသည်မှာ သိသာသည်။
အရောင်အသုံးပြုပုံ၊ အထားအသိုအခင်းအကျင်းနှင့် ပန်းချီကားအပေါ် သက်ရောက်မှု
[ပြင်ဆင်ရန်]ပန်းချီကားတစ်ခုလုံးကို အဖြူအမည်းသာ အသုံးပြုထားသည်။ အသုံးပြုထားသည့် အရောင်များမှာသည် ငြိုးငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများကို ဖော်ပြသည့် အညိုရောင်၊ အနက်ရောင်ကဲ့သို့သော အရောင်မှိန်မှိန်များကိုသာ အဓိကအသုံးပြုထားသည်။ မြေကြီး အရောင်နှင့် ဆင်တူသည့် အညိုရောင်သည် လယ်သမားများ၏ နေလောင်နေသည့် မျက်နှာနှင့် ကြမ်းတမ်းမှုကို အဓိကပုံဖော်ပေးထားသည်။ သူတို့တွေဟာတစ်နေ့တစ်နေ့ နေရာင်အောက်မှာ အလုပ်လုပ် ကြရတဲ့အတွက်အညိုရောင်ကိုအဓိကအသုံးပြုပြီး သူတို့ရဲ့ပုံကို ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီအရောင်တွေ ကြောင့်ပဲပန်းချီကားဟာလည်း အရမ်းကိုသဘာဝဆန်နေပါတယ်။
ဒီပန်းချီကားဟာလက်တွေ့ဆန်ပြီးနည်းနည်းလေးမှချဲ့ကားထားခြင်းမရှိတဲ့ပုံပေါက်နေပါတယ်။ လယ်သမားတွေရဲ့ နေ့စဉ်ဘဝကိုလဲ ကွင်းကွင်းကွက်ကွက် ကိုမြင်စေပါတယ်။ သူတို့တွေရဲ့မျက်နှာတွေကိုလည်း အသေး စိတ်ကြည့်ကြည့်လိုက်ပါ။ အပေါ်ကမီးအိမ်ရဲ့အလင်းရောင်အလိုက် မျက်နှာပေါ်မှာမှောင်တဲ့အခြမ်းကမှောင်နေပါတယ်။ အရမ်းကိုအသေးစိတ်ပါတယ်။
ဒီပန်းချီကားရဲ့ အထားအသိုအခင်းအကျင်းကလဲ လုံးဝကိုစနစ်ကျပါတယ်။ သူတို့တွေနေရာယူထားတာကို ကြည့်ခြင်းအားဖြင့် ပန်းချီကားဟာနှစ်ဘက်မျှတာကိုတွေ့ရပါတယ်။ စားပွဲရဲ့တစ်ဘက်တစ်ချက်မှာ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူနှစ်ယောက်ဆီရှိတယ်။ အလယ်ကကျောပေးထားတဲ့ ကောင်မလေးက ထိုနှစ်ဖွဲ့ကို အလယ်ကနေ နှစ်ခြမ်းခွဲထားသယောင်ဖြစ်နေတယ်။ သူတို့အားလုံးဟာ ပေါင်းစည်းတဲ့ပုံလည်းပေါက်တယ်။ သူတို့အားလုံးဟာ အရမ်းကပ်ကပ်ကြီးလဲ ထိုင်မနေကြ ဘူး။ သက်တောင့်သက်သာလည်းဖြစ်တဲ့ပုံပေါ်တယ်။ ပန်းချီကားတစ်ခုလုံးမှ ာအလဟဿနေရာမပါဘူး။ နေရာအားလုံးကို မျှတတဲ့ပုံစံဖြစ်အောင်ဆွဲထားတယ်။
မျက်နှာကျက်ကလည်း လယ်သမားတွေနဲ့အရမ်းကိုနီးကပ်နေတယ်။ အခန်းကအရမ်းကိုသေးပြီးတော့ ဟောင်းနွမ်းစုတ်ပြတ်နေတယ်။ ထိုင်နေတဲ့သူတို့တွေကိုစာဖတ်သူစိတ်ထဲမှ ာမတ်တပ်တစ်ချက်လောက်ရပ် ခိုင်းကြည့်လိုက်ပါ။ အမိုးကအရမ်းနိမ့်နေတော့သက်တောက်သက်သာတော့ရှိမှာမဟုတ်လောက်ဘူးနော်။ ဒီအမိုးနိမ့်နိမ့်လေးလုပ်ထားတဲ့ အချက်ကပဲ ပန်းချီကားကို တိတ်ဆိတ်ပြီးအေးအေးစက်ဖြစ်နေစေပါတယ်။
သဘာဝကျမှု
[ပြင်ဆင်ရန်]ပန်းချီကားတွင်ပါဝင်သည့် လူ၊ နေရာ၊ ပစ္စည်း များအားလုံးသည် တိကျမှန်ကန်သည့်အပြင် သဘာဝဆန်လွန်းလှသည်။ လယ်သမားများ၏ ခန္ဓာကိုယ်အစိတ်ပိုင်းမှအစ အပိုအလိုမရှိ ပီပြင်အောင် ဂရုတစိုက် ရေးဆွဲထားသည်ကို တွေ့မြင်ရသည်။ ယင်းတို့၏ ပုံစံနှင့် အာလူး၊ ခွက်၊ စားပွဲ များကို သုံးဖက်မြင် ပုံစံဖြင့် ရေးဆွဲထားသည်ကိုလည်း တွေ့ရသည်။ ဤကဲ့သို့သော အချက်များမှလည်း ပန်းချီကားကို ပြီးပြည့်စုံအောင် ပံ့ပိုး ပေးနေသည်။ အသုံးပြုထားသည့် အရောင်များမှာလည်း နေရာအလိုက် မှန်ကန်မှုရှိပြီး လက်တွေ့ဆန်သည်။ အလုပ်ကြမ်းများကို နေရောင်အောက်တွင် လုပ်ထားရသည်ကိုသိသာအောင် မျက်နှာနှင့် လက်များကို မြေကြီးအ ရောင်ဆန်သည့် အညိုရောင်ကိုသုံးထားသည်။
ပန်းချီကား၏ တစ်ခုတည်းသောအလင်းရောင်ကိုလည်း ထုတ်တန်းတွင်ဆွဲထားသည့် မီးအိမ်လေးမှ နေယူထားသည်။ ဒါ့အပြင် အလင်းအမှောင် အသုံးပြုထားသည်မှာလည်း အထင်ကြီးလောက်ပါတယ်။ လူတွေအပေါ်မှာ ထင်ရှားအောင်ရေးဆွဲထားခြင်းက နောက်ခံအရောင်တွေနဲ့လည်းကွဲပြားနေစေပါတယ်။ ပြင်ပလက်တွေ့ ဘဝမှာ လယ်သမားမိသားစု ထမင်းဝိုင်းတစ်ခုကိုသွားလည်လို့ အပြင်မှာမြင်ရတဲ့အတိုင်းဖြစ်အောင် အပြစ်ရှာမရအောင်ရေးဆွဲထားတာပါ။
အရောင်မှိန်မှိန်တွေအသုံးပြုထားခြင်းကလဲ ဆင်းရဲသားမိသားစုရဲ့ဘဝကိုပီပီပြင်ပြင်ဖော်ပြနေပါတယ်။ ပတ်ဝန်းကျင်သွင်ပြင်အခြေအနေ၊သူတို့တွေရဲ့စိတ်ခံစားမှုတွေကိုလည်းအရောင်တွေနဲ့စနစ်တကျဖော် ပြခဲ့တာပါ။ ဒါကြောင့်လည်းပဲဒီပန်းချီကားကြည့်လိုက်သူတိုင်းကို တကယ့်သဘာဝဆန်တဲ့လယ်သမား တွေရဲ့ နိစ္စဒူဝဘဝကို မြင်သာစေတာပါ။ ဒီပန်းချီကားကအရမ်းကိုပြည့်စုံလွန်းလို့လည်း ကမ္ဘာကျော် ခဲ့တာပါ။ [၁]