ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အဆိုပြုချက်များ)
ဝေါဟာရ | နည်းပညာ | အဆိုပြုချက်များ | အိုင်ဒီယာ | အထွေထွေ |
အကြံဉာဏ်သစ်များနှင့် အဆိုပြုချက်အသစ်များကို ဤနေရာတွင် ဆွေးနွေးပါသည်။ အဆိုပြုချက် မတင်သွင်းမီ:
|
« ဆွေးနွေးချက် အဟောင်းများ၊ ၁, ၂ |
to activate patroller and autopatroller groups
ယုံကြည်ရတဲ့ အသုံးပြုသူတွေရဲ့ ဆောင်းပါးသစ်တွေ ဖန်တီးမှုကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးကြောင်း မှတ်သားနိုင်မယ့် အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသူများ (autopatroller) နဲ့ ဆောင်းပါးသစ်တွေကို ဆန်းစစ်သုံးသပ်ပေးနိုင်မယ့် စောင့်ကြပ်စစ်ဆေးသူများ (patroller) အခွင့်အရေးအုပ်စု နှစ်ခုကို ဒီဝီကီမှာ ဖန်တီးဖို့ အဆိုပြုပါတယ်။ လတ်တလောမှာ စာမျက်နှာသစ်တွေကို စီမံခန့်ခွဲသူများကသာ စောင့်ကြပ်စစ်ဆေးပေးနေတာဖြစ်ပြီး စီမံခန့်ခွဲသူအရေအတွက်နဲ့ စာမျက်နှာသစ်အရေအတွက်နဲ့ မမျှဘူးလို့ မြင်မိတဲ့အတွက် ယုံကြည်ရတဲ့ အသုံးပြုသူတွေကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးခြင်း အခွင့်အရေးပေးဖို့ ဆောင်ရွက်လိုရခြင်းပါ။ ဒါ့အပြင် ဒီအခွင့်အရေးအုပ်စုနှစ်ခုကို စီမံခန့်ခွဲသူ တစ်ဦးဦးကနေ ပေးအပ်ခြင်း/ဖယ်ရှားခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တခြားဝီကီတော်တော်များများမှာလဲ ဒီအုပ်စုနှစ်ခုက ရှိထားကြပါတယ်။ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ၊ ကန့်ကွက်စရာများရှိရင် ပြောပေးသွားကြပါဦး။ ကျေးဇူးပါ။ Ninja✮Strikers «☎» ၁၆:၁၈၊ ၂၇ ဇွန် ၂၀၂၃ (UTC)
Portal နှင့် Draft အမည်ညွှန်း ထည့်သွင်းရန်
မင်္ဂလာပါ။ မြန်မာဝီကီပီးဒီးယားမှာ အသုံးပြုဖို့ Portal နဲ့ Draft ထပ်တိုးအမည်ညွှန်းနှစ်ခုကို အဆိုပြုလိုပါတယ်။ Portal ကို "မုခ်ဦး" "မုခ်ဝ" နဲ့ Draft ကို "စာမူကြမ်း" လို့ ပြန်ဆိုဖို့ စဉ်းစားထားပါတယ်။ ဝီကီပီးဒီးယား:Article_wizard ကလည်း အဆင်ပြေပြီမို့ရယ်၊ Portal: နဲ့ စထားတဲ့ စာမျက်နှာတွေက ပင်မအမည်ညွှန်းထဲ ရောက်နေတာရယ်ကြောင့်ပါ။ ဆွေးနွေးသုံးသပ်ပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၁၃:၂၄၊ ၂၂ နိုဝင်ဘာ ၂၀၂၃ (UTC)
- -Edited Portal localization on ၂၄ နိုဝင်ဘာ ၂၀၂၃
- အဆိုပြုချက်ကို ထောက်ခံပါတယ်။
- I support your suggestion. Dr Lotus Black (ဆွေးနွေး) ၁၅:၀၆၊ ၁၅ ဇန်နဝါရီ ၂၀၂၄ (UTC)
- မုခ်ဝ တို့ မုခ်ဦး စတဲ့ စကားရပ်တွေက တည်နေရာပြအညွှန်း တစ်နည်းဆိုရရင် အထူးတလည် တည်ဆောက်ပြုလုပ်ထားတဲ့ အဆောက်အဦ တစ်ခုရဲ့ ဝင်ပေါက် ကို ဖော်ပြတာလို့ သိနားလည်ထားပါတယ်။
- ဥပမာ မြစ်ဝတို့ ပင်လယ်ဝတို့ လူဖန်တီးထားတာမျိုး မဟုတ်ဘဲ သဘာဝအရဖြစ်တည်တာဆိုရင် မြစ်၊ပင်လယ် စတဲ့ အရာဝတ္ထုရဲ့ နောက်မှာ “ဝ” စာလုံးကပ်ပါလာတာမျိုး၊ လူဖန်တီးထားတာမျိုးဆိုရင် “ဦး” စကားလုံး ကပ်ပါလာ ဆိုတာမျိုး မြန်မာစကားရပ်မှာ သုံးကြတာ တွေ့ရပါတယ်။Portal ဆိုတဲ့ စကားရပ်ကို မုခ်ဦး လို့ပဲ ခေါ်ခေါ်၊မုခ်ဝ လို့ ပဲ သုံးသုံး အဆင်ပြေပါတယ်။မြန်မာလို အလွယ်ပြောရင် မုခ်ဝ က ပိုခေါ်ဝေါ်လို့ သင့်တော်မလားပဲ။ စာမူကြမ်းကတော့ အထူးတလည် ဆွေးနွေးဖို့ မရှိပါဘူး ခင်ဗျာ။ Zawzawaungthwin (ဆွေးနွေး) ၀၈:၂၈၊ ၂၃ ဇန်နဝါရီ ၂၀၂၄ (UTC)
မြန်မာဝီကီပီးဒီးယား မွေးနေ့
မြန်မာဝီကီစတင်ခဲ့တာကို အကြမ်းဖျင်းအနေနဲ့ ဇူလိုင် ၂၀၀၄ လို့ သတ်မှတ်ထားပါတယ်။ စတင်ခဲ့တဲ့ ရက်ကို ရက်စွဲအတိအကျလေးနဲ့ သတ်မှတ်ထားရင် ကောင်းမလားလို့ပါ။ Anniversary လေးဘာလေး လုပ်လို့လဲရတာပေါ့။ အောက်မှာ မြန်မာဝီကီရဲ့ အဟောင်းဆုံး နေ့စွဲတွေကို ဖော်ပြထားပါတယ်။ ကျေးဇူးပြုပြီး မွေးနေ့အနေနဲ့ တစ်ရက်ရက်ကို ရွေးချယ်ပေးကြပါဦး။
- ၂၄ အောက်တိုဘာ ၂၀၀၂ - ပထမဆုံး တည်းဖြတ်မှု
- ၈ ဇူလိုင် ၂၀၀၄ - ပထမဆုံး စီမံခန့်ခွဲသူရဲ့ တည်းဖြတ်မှု
- ၃၀ ဇူလိုင် ၂၀၀၄ - ဗဟိုစာမျက်နှာ ရဲ့ အဟောင်းဆုံး တည်းဖြတ်မှု
- ၁၆ ဒီဇင်ဘာ ၂၀၀၅ - ပထမဆုံးဆောင်းပါး
ကျွန်တော့ အနေနဲ့ဆိုရင် ပထမသတ်မှတ်ထားကြတဲ့ ဇူလိုင် ၂၀၀၄ နဲ့လဲ ကိုက်ညီအောင် ဗဟိုစာမျက်နှာရဲ့ ပထမဆုံး ရက်စွဲ ၃၀ ဇူလိုင် ၂၀၀၄ ကိုတော့ ရွေးချယ်ချင်ပါတယ်။ Ninja✮Strikers «☎» ၀၄:၅၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)
- @Ninjastrikers ပထမဦးဆုံးစီမံခန့်ခွဲသူ ရဲ့ တည်းဖြတ်မှု ရက်ကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ Zawzawaungthwin (ဆွေးနွေး) ၁၁:၅၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)
- @Zawzawaungthwin; အကောင့်ဝင်ထားတဲ့ အသုံးပြုသူရဲ့ ပထမဆုံး တည်းဖြတ်နေ့ကို ယူမလားလို့ စဉ်းစားမိသေးတယ်။ ဒါဆိုရင် ၈ ဧပြီ ၂၀၀၄ ရယ်၊ ပထမဆုံး စီမံခန့်ခွဲသူရဲ့ ၈ ဇူလိုင် ၂၀၀၄ က တည်းဖြတ်မူရယ် ဖြစ်ပါလိမ့်မယ်။ ဒီလိုဆိုရင် အသုံးပြုသူ တစ်ဦးတစ်ယောက်အပေါ် မူတည်ပြီး ဆုံးဖြတ်သလို ဖြစ်နေမလားလို့ တွေးမိတာမို့ ဝီကီတစ်ခုရဲ့ အရေးကြီး စာမျက်နှာဖြစ်တဲ့ ဗဟိုစာမျက်နှာ ရဲ့ ပထမဆုံး တည်းဖြတ်ရက်စွဲကိုပဲ ယူဖို့ စဉ်းစားလိုက်တာပါ။ အရင်တခြား အသုံးပြုသူတွေ ပြောထားသလို ဇူလိုင် ၂၀၀၄ ဆိုတာနဲ့လဲ ထပ်တူကျအောင်လို့ပါ။ Ninja✮Strikers «☎» ၁၄:၀၀၊ ၂၁ ဇွန် ၂၀၂၄ (UTC)
- @Ninjastrikers ၈ ဧပြီ ၂၀၀၄ ကို ကျနော် မသိလိုက်ဘူး။ဒါဆိုရင် ၃၀ ဇူလိုင် က အကောင်းဆုံးပါ။ Zawzawaungthwin (ဆွေးနွေး) ၁၄:၄၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)
- ၈ ဇူလိုင်နဲ့ အမှတ်မှားသွားလို့။ ၈ ဧပြီ ၂၀၀၄ တော့မဟုတ်ဘူး။ ၂၁ ဧပြီ ၂၀၀၄ ပါ။ Ninja✮Strikers «☎» ၁၂:၅၇၊ ၂၂ ဇွန် ၂၀၂၄ (UTC)
- ကျွန်တော် အကြံပြုချင်ပါတယ် ဗဟိုစာမျက်နှာရဲ့ ပထမဆုံးတည်းဖြတ် ရက်စွဲကိုပဲ အတည်ပြုစေချင်ပါတယ် ဝီကီတိုင်းမှာ ဗဟိုစာမျက်နှာတွေ ပါစမြဲမို့ အားလုံးနဲ့လည်းသက်ဆိုင်တယ်လို့ ယူဆမိလို့ပါ Mayor mt (ဆွေးနွေး) ၁၇:၀၇၊ ၂၂ ဇွန် ၂၀၂၄ (UTC)