စိန်ရတု
ပုံပန်းသွင်ပြင်
စိန်ရတု (Diamond Jubilee)သည် အနောက်တိုင်းက အနှစ် ၆၀ ပြည့်ကို ညွှန်းသော်လည်း၊ မြန်မာကမူ ၇၅ နှစ်ပြည့်ကို ညွှန်းသည်။
မြန်မာ့စိန်ရတုများ
[ပြင်ဆင်ရန်]- ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ၇၅ နှစ်ပြည့် စိန်ရတုသဘင်အား ကျင်းပခဲ့ပြီး အစိုးရမှ ကျပ်သိန်း ၆၃၀ တန် စိန်ရတုခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။
- ၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း၏ ၇၅ နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။
- မော်လမြိုင်ကျွန်းမြို့မ ကျောင်းကြီး(ယခု အထက-၁)ကို မြို့အဆင့်သို့ရောက်ရှိပြီး ၃၄နှစ်အကြာ၁၉၃၃ခုနှစ် တွင်တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် စိန်ရတုကာလပင်ကျော်လွန်ခဲ့ပြီဖြစ်သည်။
- ကန်တော်ကြီး အမျိုးသာ ရုက္ခဗေဒ ဥယျာဉ်၏ စိန်ရတု အခမ်းအနားကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၄ မှ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။
- လူထု ဒေါ်အမာသည် ၁၉၉၅ မန္တလေးမြို့ ဗဟို အမျိုးသားကျောင်း ကျောင်သား ဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။
- ဆရာဦးကိုကို နောက်ဆုံးရေးပေးခဲ့သော သီချင်းသည် ရန်ကုန် တက္ကသိုလ် ဂျပ်ဆင်ဘုရားကျောင်း စိန်ရတုအတွက် ခရစ် ယာန် ဓမ္မတေး ၁ဝ ပုဒ် ဖြစ်သည်။
- မြန်မာအမျိုးသမီးများထဲတွင် ပထမဆုံး B.Sc ဘွဲ့ရရှိသူ ခင်ဦးဇွန်းသည် ၁၉၆၀ ပြည့်နှစ်က ခင်ပွန်းနှင့် အတူ လမ်းမတော် ဦးနောဇရပ်၌ နှစ် ၆၀-ပြည့် စိန်ရတုမင်္ဂလာပွဲ လုပ်ခဲ့သည်။
- ဦးဝင်းတင်သည် ၂၀၀၅ ခုနှစ် မတ်လတွင် ၇၅ နှစ်မြောက် စိန်ရတုမွေးနေ့ပွဲ ပြုလုပ်သည်။
- ဒေါက်တာသန်းဦးသည် မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပရာတွင် ဦးစီးနာယကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။
- စာရေးဆရာ ဒါရိုက်တာ မောင်နေမျိုးသည် ရုပ်ရှင် အဖွဲ့အစည်းတွင် ရုပ်ရှင် အစည်းအရုံး ဇာတ်လမ်း ဇာတ်ညွှန်း အတွင်းရေးမှူးနှင့် ၁၉၉၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲ၌ တက်ကြွစွာ ပါဝင်ခဲ့ပြီး ရုပ်ရှင်သမိုင်း ပြုစုရေး တာဝန် ယူခဲ့သည်။ မြန်မာ့ရုပ်ရှင် စိန်ရတု အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ဝေခဲ့သည်။
ပြည်ပစိန်ရတုများ
[ပြင်ဆင်ရန်]- ဝိတိုရိယဘုရင်မသည် ၁၈၉၇ ခုနှစ်တွင် နန်းသက်အနှစ်ခြောက်ဆယ်မြောက် စိန်ရတု သဘင်ပွဲတော် ကျင်းပသည့်အခါ မင်းပွဲသို့ တက်ရောက်၍ ပြည်သူလူထု၏ ကောင်းချီးဩဘာပေးခြင်းကို ခံယူသည်။