မာတိကာသို့ ခုန်သွားရန်

လူထုစည်းမျဉ်းသုံးရပ်

ဝီကီပီးဒီးယား မှ
"ဆန်မင်ကျူယီ"ကို ဤနေရာသို့ ညွှန်းသည်။ နိုင်ငံတော်သီချင်းအတွက် တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းကို ကြည့်ပါ။
လူထုစည်းမျဉ်းသုံးရပ်
လူထုစည်းမျဉ်းသုံးရပ်ကို ချမှတ်ခဲ့သူဆွန်ယက်ဆင်
ရိုးရာ တရုတ်三民主義
ရိုးရှင်းသော တရုတ်三民主义

လူထုစည်းမျဉ်းသုံးရပ်လူထုအခြေခံမူသုံးရပ် (တရုတ်: 三民主義; ပင်ယင်: Sān Mín Zhǔyìအင်္ဂလိပ်: Three Principles of the People တစ်နည်း Tridemism (တြိဒေမင်ဝါဒ)[]) သို့မဟုတ် ဆန်မင်ကျူယီသည် ဒေါက်တာဆွန်ယက်ဆင်မှ ရီပတ်ဘလီကန်ခေတ်တွင် တရုတ်နိုင်ငံကိုတိုးတက်စေရန်အလို့ငှာ ချမှတ်ပေးခဲ့သော နိုင်ငံရေးအတွေးအခေါ်ဖြစ်သည်။ ထိုစည်းမျဉ်းသုံးရပ်တို့မှာ "အမျိုးသားရေး"၊ "ဒီမိုကရေစီ"နှင့် "လူနေမှုဖူလုံရေး"တို့ဖြစ်ကြသည်။ ဤအတွေးအခေါ်သည် ကူမင်တန်တို့ကကျင့်သုံးသည့် နိုင်ငံတော်မူဝါဒ၏ အုတ်မြစ်ဖြစ်သည်ဟု ဆိုကြသည်။ တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းတွင်လည်း "ဆန်မင်ကျူယီ" ဟူ၍အစချီထားသည်။

ရင်းမြစ်

[ပြင်ဆင်ရန်]
၁၉၀၅ ခုနှစ်ထုတ် "လူထုသတင်းစာ"တွင် သူ၏သဘောထားများကို "ပင်မစည်းမျဉ်းသုံးရပ်" (三大主義) ဟု တွေ့ရသည်။

၁၈၉၄ ခုနှစ်တွင် ဆွန်ယက်ဆင်မှ တရုတ်ပြန်လည်ရှင်သန်ရေးအဖွဲ့ကို ဖွဲ့စည်းသောအခါ အမျိုးသားရေးဝါဒနှင့် ဒီမိုကရေစီ သဘောတရားနှစ်ခုသာရှိခဲ့သည်။ ၁၈၉၆ မှ ၁၈၉၈ ခုနှစ်ထိ ဥရောပသို့ သုံးနှစ်ကြာခရီးစဉ်အတွင်း တတိယသဘောတရားဖြစ်သော လူမှုဖူလုံရေးကို ဖြည့်စွက်ခဲ့သည်။[] ၁၉၀၅ ခုနှစ် နွေဦးရာသီတွင် ဥရောပသို့ ခရီးထက်မံသွားနေစဉ် ထိုသဘောတရားသုံးခုစလုံးကို ကြေညာခဲ့သည်။ ဘရပ်ဆဲလ်မြို့တွင် သူ၏"လူထုစည်းမျဉ်းသုံးရပ်"အကြောင်းကို သူ့ဘဝ၏ ပထမဆုံးမိန့်ခွန်းအနေဖြင့် ဟောပြောခဲ့သည်။ သူသည် ဥရောပမြို့များစွာတွင် တရုတ်ပြန်လည်ရှင်သန်ရေးအဖွဲ့သို့ လူများကိုစုစည်းနိုင်ခဲ့သည်။ ထိုအချိန် ဘရပ်ဆဲလ်ဌာနခွဲတွင် ဘာလင်၌ ၂၀ ဦး နှင့် ပဲရစ်၌ ၁၀ ဦး၊ စုစုပေါင်း ဦးရေ ၃၀ ရှိလာခဲ့သည်။[] တုန်မန်ဟွေ့အသင်းကို ဖွဲ့စည်းပြီးနောက် ဆွန်ယက်ဆင်သည် "လူထုသတင်းစာ" (民報) တွင် အယ်ဒီတာ့အာဘော်ကို ထုတ်ဝေခဲ့ရာ သူ၏သဘောထားများကို ပထမဆုံးအကြိမ်အဖြစ် ရေးသားဖော်ပြခြင်းလည်းဖြစ်သည်။ ထိုသတင်းစာ၏ နှစ်ပတ်လည်နေ့တွင် လူထုစည်းမျဉ်းသုံးရပ်နှင့်ပက်သက်သည့် မိန့်ခွန်းရှည်ကိုပုံနှိပ်ခဲ့ပြီး သတင်းစာအယ်ဒီတာများကလည်း တရုတ်ပြည်သူများ၏ စားဝတ်နေရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။[]

ဤသဘောထားများသည် အမေရိကန်ပြည်ထောင်စုအတွင်း သူ၏အတွေ့အကြုံများမှ ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံ၏ တိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သော အေဘရာဟမ် လင်ကွန်းမှ အရင်းခံသည်ဆိုသည်။ လင်ကွန်း၏ ဂယ်တီစဘတ်မိန့်ခွန်းလာ "ပြည်သူအတွက် ပြည်သူမှဖွဲ့စည်းသည့် ပြည်သူ့အစိုးရ" ဟူသောစကားရပ်သည် ဆွန်ယက်ဆင်၏ လူထုစည်းမျဉ်းသုံးရပ်အတွက် အတုယူဖွယ်ဖြစ်လာခဲ့သည်။[]

စည်းမျဉ်းများ

[ပြင်ဆင်ရန်]

မင်ဆူကျူယီ (လူထုအမျိုးသားရေး)

[ပြင်ဆင်ရန်]

မင်ဆူကျူယီ (民族主義၊ Mínzú Zhǔyì) ကို အများအားဖြင့် "အမျိုးသားရေး"ဟု ဘာသာပြန်လေ့ရှိသည်။

အမျိုးသားလွတ်လပ်ရေး

[ပြင်ဆင်ရန်]

ဆွန်ယက်ဆင်သည် တရုတ်ပြည်သည် နယ်ချဲ့တို့၏ ဖျက်ဆီးခြင်းကိုခံရမည့် ခြိမ်းခြောက်မှုအောက်တွင် ရှိနေသည်ဟုရှုမြင်သည်။[] ထိုသို့ကျဆင်းမှုလမ်းကြောင်းမှ နောက်ပြန်လှည့်ရန်အလို့ငှာ တရုတ်နိုင်ငံသည် အတွင်းနှင့်အပြင်နှစ်ခုစလုံးတွင် လွတ်လပ်မှုရရှိရန် လိုအပ်သည်ဟုသုံးသပ်ခဲ့သည်။

အတွင်းလွတ်လပ်ရေးဆိုသည်မှာ မန်ချူးချင်းမင်းဆက်မှ လွတ်လပ်ရေးကိုဆိုလိုသည်။[] ဆွန်ယက်ဆင်သည် ဟန်တရုတ်လူမျိုးများသည် မိမိတို့လူမျိုးမရှိသော လူမျိုးများဖြစ်သည်ဟု ယုံကြည်၍ မန်ချူးအာဏာပိုင်များကို တော်လှန်သင့်ကြောင်း ယူဆခဲ့သည်။[][]

အပြင်လွတ်လပ်ရေးဆိုသည်မှာ နယ်ချဲ့အင်အားစုများထံမှ လွတ်လပ်ရေးကိုဆိုလိုသည်။ နယ်ချဲ့တို့သည် စီးပွားရေးအရဖိနှိပ်မှု၊ နိုင်ငံရေးအရရန်လိုမှုနှင့် လူဦးရေတိုးနှုန်းနှေးကွေးမှု စသောနည်းလမ်းသုံးမျိုးဖြင့် တရုတ်နိုင်ငံအား ခြိမ်းခြောက်နေသည်ဟု ဆွန်ယက်ဆင်ကယုံကြည်ခဲ့သည်။[] တရုတ်နိုင်ငံသည် မညီမျှစွာကုန်သွယ်ခြင်းဖြင့် စီးပွားရေးအရ အမြတ်ထုတ်ခံနေရသည် ဟူ၍လည်းကောင်း[] တရုတ်နိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် မတရားသည့်စာချုပ်က နိုင်ငံရေးအရကျဆင်းမှု၏ တရားခံဖြစ်ကြောင်း ရှုမြင်ခဲ့သည်။ ထို့အပြင်သူသည် တရုတ်နိုင်ငံအနေဖြင့် အနောက်တိုင်းနိုင်ငံများကို ယှဉ်တိုက်နိုင်ကြောင်းလည်း ယုံကြည်ခဲ့သည်။[]

မင်ချွမ်ကျူယီ (အုပ်ချုပ်နိုင်ခွင့်)

[ပြင်ဆင်ရန်]

မင်ချွမ်ကျူယီ (民權主義၊ Mínquán Zhǔyì) ကို အများအားဖြင့် "ဒီမိုကရေစီ" သို့မဟုတ် "ပြည်သူ့အာဏာ"ဟု ဘာသာပြန်လေ့ရှိသည်။ ဆွန်ယက်ဆင်အနေဖြင့် ဤစည်းမျဉ်းသည် အနောက်နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအစိုးရကို ကိုယ်စားပြုသည်။ သူသည် တရုတ်နိုင်ငံအတွက် နိုင်ငံရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာဟူ၍ နှစ်မျိုးခွဲခဲ့သည်။

ပြည်သူ့အခွင့်အရေးလေးရပ်

[ပြင်ဆင်ရန်]

နိုင်ငံရေးအာဏာ (တရုတ်: 政權; ပင်ယင်: zhèngquán) သည် ပြည်သူများ၏နိုင်ငံရေးဆန္ဒကို ဖော်ပြရန်နှင့် အုပ်ချုပ်သူများအား ထိန်းချုပ်ရန်ဖြစ်သည့်အလျောက် အခြားနိုင်ငံများတွင် ထိုအာဏာကို လွှတ်တော်များတွင် အပ်နှင်းထားသကဲ့သို့ အမျိုးသားလွှတ်တော်သည် ထိုနိုင်ငံရေးအာဏာကိုကိုယ်စားပြုသည်။ ပြည်သူ့အာဏာကို ရွေးကောက်ခြင်း (選舉)၊ ပြန်လည်ခေါ်ယူမှုခြင်း (罷免)၊ ကမကထပြုခြင်း (創制) နှင့် ဆန္ဒခံယူခြင်း (複決) ဟူလေးပိုင်းခွဲခြားခဲ့သည်။[]

မင်ရှန်းကျူယီ (လူနေမှုဖူလုံရေး)

[ပြင်ဆင်ရန်]

မင်ရှန်းကျူယီ (民生主義၊ Mínshēng Zhǔyì) ကို အများအားဖြင့် "လူနေမှုဖူလုံရေး" သို့မဟုတ် "ဆိုရှယ်လစ်ဝါဒ"ဟု ဘာသာပြန်လေ့ရှိသည်။ ဆွန်ယက်ဆင်သည် အဝတ်အထည်၊ အစားအသောက်၊ အိုးအိမ်၊ သွားလာရေးဟူ၍ လေးမျိုးခွဲခြားပြီး တရုတ်ပြည်သူများကို စောင့်ရှောက်ပေးနိုင်မည့်အစိုးရတစ်ရပ်ကိုလည်း အကြံထုတ်ခဲ့သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. Stéphane Corcuff, Robert Edmondson Memories of the Future: National Identity Issues and the Search for a New Taiwan p. 77. ISBN 0765607921
  2. ၂.၀ ၂.၁ Li Chien-Nung, translated by Teng, Ssu-yu, Jeremy Ingalls. The political history of China, 1840–1928. Princeton, NJ: Van Nostrand, 1956; rpr. Stanford University Press. ISBN 0-8047-0602-6, ISBN 978-0-8047-0602-5. pp. 203–206.
  3. ၃.၀ ၃.၁ Sharman၊ Lyon (1968)။ Sun Yat-sen: His life and its meaning, a critical biography။ Stanford: Stanford University Press။ pp. 94, 271။
  4. "民族主義第五講" 三民主义  (တရုတ်ဘာသာစကားဖြင့်) – via Wikisource
  5. ၅.၀ ၅.၁ 三民主义与五权分立——在东京《民报》创刊周年庆祝大会的演说 - 主要著述 - 孙中山故居纪念馆_伟人孙中山။ 2022-04-09 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Ling, Yu-long (2012). "Dr. Sun Yat-sen's Doctrine and Impact on the Modern World". American Journal of Chinese Studies 19 (1): 1–11. ISSN 2166-0042. 
  7. ၇.၀ ၇.၁ Weaver, William C. (1939). "The Social, Economic, and Political Philosophy of Dr. Sun Yat-Sen". The Historian 1 (2): 132–141. doi:10.1111/j.1540-6563.1939.tb00469.x. ISSN 0018-2370. 
  8. "民权主義第五講" 三民主義  (တရုတ်ဘာသာစကားဖြင့်) – via Wikisource